Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 27, 2014

SYH Firmware များစုစည်းမှု

SYH ASeries
SYH A8001 >>> DownLoad
SYH A8001+ >>> DownLoad
SYH A8002 >>> DownLoad
SYH A9002 >>> DownLoad
SYH CSeries
SYH C810+8G >>> DownLoad
SYH C810+4G >>> DownLoad
SYH GSeries
SYH G760 >>> DownLoad


SYH G3 >>> DownLoad

SYH G810 >>> DownLoad

SYH G5 >>> DownLoad

SYH G710/8G >>> DownLoad


SYH G6 >>> DownLoad

SYH G770 >>> DownLoad (Spreadtrum CPU)


SYH G720 >>> DownLoad

SYH WSeries
SYH W1000 >>> DownLoad
SYH W9000 >>> DownLoad
ဒေါင်လုပ်လုပ်နည်း ပေးထားသောလင့်ကို တစ်ချက်နှိပ်ပါ

Huawei U8825-1 G330 Offical Firmware Download

 
 ၁ Download ရလာတဲ့ Firmware ကို ဖြေလိုက်ရင် Dload ဖိုဒါရလာပါမယ်
၂ SD အနည်းဆုံး 2GB ရှိတဲ့ Card ကို Format ချ ပြီး
၃ Dload ဖိုဒါကို SD ထဲထည့်ပြီး ဖုန်းထဲကို SD Card ထည့်ပါ
၎ ဖုန်းကို volume up button + volume down + power ဖိနှိပ်ထားပါ
အတန်းလေးဖြေးနေတာကိုစောင့်ပါ ဖုန်းပါဝါပိတ်သွားပြီးပြန်တက်လာရင်တော့
Firmware တင်ခြင်းလုပ်ငန်း ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်
 
Download firmware

Friday, January 31, 2014





နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Friday, January 17, 2014

ကွန်ပျူတာမှာ viber သုံးကြမယ်



PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call , Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့ ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင် မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။ 
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။

မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။


Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။


အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။




အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး .. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့ Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ အသုံးပြုနိုင်ပါပြီ..။

မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..
 
ကိုလွင်မင်းဗိုလ်  ဆိုဒ်မှ ကူးယူမျှဝေလိုက်တာပါနော်

Wednesday, January 8, 2014

Facebook အကောင့်အသစ်ကို 1000000% သေချာပေါက်အောင်မြင်စွာဖောက်နည်း (ဖတ်ကြည့်... လုံးဝရစေရမယ်)



ကိုဇော်သွင်. ရေးသားတဲ့ Facebook အကောင့် သေချာပေါက်ရအောင် ဖောက်နည်းစာအုပ်ဖြစ်ပါတယ်.. သူ့ဆီမှာ လူတွေ တော်တော် များများ ထောက်ခံမှုရထားတဲ့စာအုပ်ပါ.. ကျွန်တော် မစမ်းရသေးပါဘူး..
ပြီးတော့ သေသေချာချာ ဖတ်ပြီးမှ လုပ်ကြနှော်.. အကောင့်မရတာတို့. ဘာတို့ ညာတို့အတွက် မေးခွန်းကိုတော့ ဖြေပေးနိုင်မှာမဟုတ်ဘူး.. ကိုယ့်သဘောနဲ့ကိုယ်ပေါ့..


Download => Link 1 / Link 2 / Link 3

ဖေ့ဘုတ်အကောင့်လော့ကျတာပဲ ဖြစ်ဖြစ် ဂျီမေးအတွက် ဖုန်နံပါတ်တောင်းတာပဲ ဖြစ်သုံးလို့ ရပါတယ်




သန်းတိုးအောင်ဆိုဒ်မှာတွေ့လို့ပါ....
.. နည်းပညာဆရာသမားတွေကတော့ သိပြီးသားဖြစ်သလို ... တချို့တင်ထားတာတွေလည်း ရှိပါလိမ့်မယ် .....
ဖေ့ဘွတ်အသုံးပြုရင်း Lock ကျကျသွားလို့ အဆင်မပြေဖြစ်နေတဲ့သူငယ်ချင်းတွေအတွက်ပါ ..... ဂျီမေးလော့ကျသွားလို့ Verification code တောင်းဖို့ လိုအပ်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ ......
ဖေ့ဘွတ် Lock ကျတဲ့အခါ ဖုန်းနံပတ်ဖြည့်ပြီး Verification code တောင်းပြီး ပြန်ယူရတာကို  မြန်မာပြည်ကဖုန်းတွေအတွက် text msg ပို့ဖို့အဆင်မပြေတာသိပြီးသားဖြစ်မှာပါ ...
အခု Online Phone Free SMS ကတော့ မြန်မာနိုင်ငံကနေ ဖေ့ဘွတ်သုံးတဲ့သူတွေအတွက်အဆင်ပြေသွားစေပါတယ် .... လုပ်ရမယ့် နည်းလေးကတော့ ..... ကိုယ့်ရဲ့လော့ကျနေတဲ့ဖေ့ဘွတ်ကို ခါတိုင်းဝင်သလို ပတ်စ၀ပ်ဖြည့်ပြီး ၀င်လိုက်တဲ့အခါ Check Security စာလုံးလေးတွေ ဖြည့်ပြီးရင် text msg ပို့ပြီး Verification code တောင်းဖို့ ဖုန်းနံပတ်ဖြည့်ရတဲ့အခါ မြန်မာပြည်ဖုန်းတွေဖြည့်ဖို့ အဆင်မပြေတော့ပါဘူး အဲတော့ အခု ကိုပွ ပေးထားတဲ့ အောက်က Link ကိုကလှစ်ပြီး ဖွင့်ပါ(ဖုန်းထဲကနေ အသုံးပြုလဲရပါတယ်) ......

http://www.receivesmsonline.net/
လင့်ကို ကလှစ်ပြီး ကြိုက်တဲ့ဖုန်းနံပတ်တစ်ခုကိုရွေးပြီး text msg ပို့ရမယ့် ဖုန်းနေရာမှာ ရေးပေးလိုက်ပါ .... ခဏနေကိုယ်ရွေးပေးလိုက်တဲ့ ဖုန်းနံပတ်နေရာကို ပြန်ကလှစ်ကြည့်ပါ .... text msg ပို့ထားတာတွေ့ပါလိမ့်မယ် ... Verification code အတွက် လိုသလို အသုံးချနိုင်ပါတယ် ... အဆင်မပြေရင် ဖုန်းနဲ့လုပ်ပါ ...ဗိုက်ဘာမှာ လင့်ချပြီး ကလှစ်လုပ်ကြည့်ပါ ပိုအဆင်ပြေပါတယ် ....

အောက်ကလင့်ကတော့ Simple အထွက် for all countries အတွက် sms အထွက်ပါ .... ကိုယ့်ဟာကို လေ့လာလုပ်ကြည့်တော့နော် ...
http://www.slidesms.com/index.php

Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…



အခုတစ်လော နာမည်ကြီးလာတဲ့ Viber ဆော့ဝဲလ်လေးကို ကိုယ့်ဖုန်းမှာ သွင်းပြီး အင်တာနက် ချိတ်လိုက်တာနဲ့ အခြား viber ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် စကားပြောခြင်း၊ message ပို့ခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..၊
ဒီ Viber ဆော့ဝဲလ်ကို Andirod ရဲ့ OS ဖုန်း၊ ဒါမှမဟုတ် Apple ရဲ့ IOS ဖုန်းတွေမှာသာ အသုံးပြုလို့ရပါသေးတယ်။

မြို့ကြီးတွေမှာတော့ မသိဘူး..၊ နယ်ဘက်မှာဆိုရင်တော့ viber သွင်းခကို ၅၀၀၀ မှ ၁၀၀၀၀ ထိ ပေးကြရပါတယ်။ အောက်ကအဆင့်တွေအတိုင်း သေချာလုပ်ကြည့်ရင် ပိုက်ဆံ မကုန်ပဲ မိမိကိုယ်တိုင် viber ကို သွင်းတတ်သွားမှာဖြစ်ပါတယ်။
Andriod ဖုန်းတွေအတွက် Viber ကို >>>> ဒီမှာ Download ယူပါ။
Iphone တွေ Viber ကို >>>> ဒီမှာ Download ယူပါ။
ပြီးရင် ရလာတဲ့ File လေးကို မိမိဖုန်းထဲကို install လုပ်ပါ။
Install လုပ်ပြီးပါက မိမိဖုန်းကို အင်တာနက်ဖွင့်လိုက်ပါ။ 
ပြီးရင် မိမိသွင်းထားတဲ့ Viber ကို ဖွင့်လိုက်ပါ။
အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ကိုယ့်နံပါတ် ရှေ့မှာ 9 ခံပြီးရိုက်ထည့်ပါ။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က ၅၂၃၂၇၃၄ဆိုရင် - ၉၅၂၃၂၇၃၄ ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ (မမှားအောင် အထူးသတိထားပြီး ရိုက်ထည့်ရမှာဖြစ်ပါတယ်။) ပြီးရင် Continue ကို နှိပ်ပါ။
Approve ကိုဆက်နှိပ်ပေးပါ။
ဒါပြီးရင် Viber ကနေ ကိုယ့်ဖုန်းကို SMS message ပို့ပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်သလောက်ကတော့ မြန်မာနိုင်ငံက ဖုန်းတွေကို Viber က SMS message မပို့ပေးပါဘူး…၊ ဒါကြောင့် message မ၀င်ဘူးဆိုရင် click here ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ။
ပြီးရင် Get Code ဆိုတာလေးကို ဆက် Click ပေးပါ။
မကြာခင်မှာပဲ ကိုယ့်ဆီကို Viber မှ ဖုန်းခေါ်ဆိုလာပါလိမ့်မယ်။ ဘာမှ ပြောစရာမလိုပါဘူး..၊ သူပြောတဲ့ Code Number ၄လုံးကို လိုက်မှတ်ထားရုံပါပဲ.. ၂ ခေါက်ပြောပါလိမ့်မယ်။ မကြားလိုက်ဘူးဆိုရင် ၁ ကိုနှိပ်ပါ။ ပြန်ပြောပြပါလိမ့်မယ်။
 
ပြီးရင် အောက်ကအဆင့်ကို ပြန်သွားပြီး မိမိမှတ်ထားတဲ့ Code နံပါတ်ကို ရိုက်ထည့်ပြီး Enter viber ကိုနှိပ်လိုက်ပါ။
ဒီအဆင့်တွေပြီးရင်တော့ မိမိဖုန်းထဲမှာ viber ဆော့ဝဲလ် အသုံးပြုလို့ ရပြီပဲ ဖြစ်ပါတယ်။ Viber ထဲဝင်ပြီး ကိုယ့် Contacts တွေထဲမှာ ဘယ်သူက viber ထည့်ထားလဲဆိုတာကိုလည်း ရှာလို့ရသလို..၊ ဖုန်းနံပါတ် အသစ်တွေကိုလည်း ထပ်ထည့်လို့ရပါတယ်…။